Saturday, November 7, 2015

အပိုဒ် (၃၇)

(၃၇) ရစ်မွှန်းရွှီစည်၊ ဗဟိုလယ်၌၊ ငါးမည်အင်္ဂါ၊ ပြည့်စုံပါ၍၊ ပဉ္စာခေါ်ထ၊ မြို့သိင်္ဂကို၊ သက္ကရာဇ်မှာ၊ ခတ်အတ္တာနှင့်၊ တိသာရောက်လျှင်၊ ခေတ္တသင်သည်၊ မှန်ပင်ဆယ်နှစ်၊ စိုးသည်ဖြစ်မှ၊ ညီချစ်အရင်း၊ စန္ဒသင်းသည်၊ ပွင့်လင်းဘုံသာ၊ နန်းအောင်ချာဝယ်၊ ဧကာဒသ၊ စံရွှင်ပ၏။ ထိုမှတမူ၊ မင်းရင်ဖြူကား၊ ခွန်ယူသိမ်းမိုး၊ ဆယ်နှစ်စိုး၏။ နွယ်ရိုးမှန်ထ၊ နာဂသူရိယ၊ သုံးနှစ်ပြ၏။ သူရိယရာဇာ၊ နှစ်နှစ်သာတည်း။ ဆက်ကာထိုမှ၊ ပုဏ္ဏကလည်း၊ စိုးထကြည်ဖြူ၊ လေးနှစ်ဟူ၏။ မင်းဖြူကြီးလျှင်၊ နှစ်နှစ်ရွှင်မှ၊ စည်သဘင်အမတ်၊ တနှစ်မှတ်လော့။ မင်းမြတ်တမူ၊ မင်းနန်းသူလျှင်၊ ရိပ်ဖြူဖြန့်ကာ၊ ငါးနှစ်ကြာ၏။ မင်းလာတော်ကား၊ ခြောက်နှစ်စား၏။ မင်းကုလားနှင့်၊ မင်းဘီလူးရို့၊ နှစ်ဦးညီကာ၊ သုံးနှစ်လာ၏။ သင်္ခယာရေး၊ တဆယ့်လေးတည်း။ ပုတ္တေးမင်းသန်၊ သျှစ်နှစ်စံ၏။ တဖန်မင်းပတိ၊ တရိသုံးနှစ်၊ စိုးစံဖြစ်၏။ စင်စစ်မှန်စွာ၊ နှစ်ပေါင်းမှာကား၊ ပဉ္စာအဋ္ဌ၊ သိကုန်ကြလော့။ ၀ံသစိုင်လာ၊ မင်းဆက်မှာမူ၊ ပန္နရသာ၊ ဖြစ်ကုန်ပါသည်၊ သိင်္ဂါစံဘုံရွှီနန်းတည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...