Saturday, November 7, 2015

အပိုဒ် (၁၆)

(၁၆) ရံပတ်ဒိသာ၊ သျှစ်မျက်နှာ၌၊ တပ်တာတည်ထ၊ နီကုမ်ကြပြီး၊ များလှဗိုလ်ပါ၊ တိုက်ကြရာဝယ်၊ ပြည်သာစိုးထ၊ ဘီလူးမလည်း၊ ခနမကြာ၊ မှန်ရောင်ဝါဖြင့်၊ ကောင်းခင်လမ်းသို့၊ ပျံသန်းလားလျှင်၊ လွန်ဘိကျင်မှ၊ ထက်ခွင်ပျံဝဲ၊ ပန်းဆိုင်ဆွဲသို့၊ မလွဲတူစွာ၊ နီလီပါသော်၊ ထိုခါပြိုင်ဆိုင်၊ တုမနိုင်ဘဲ၊ ၀ိုင်းရိုင်ရုံးလှည့်၊ ဆုတ်ခွာခယ့်မှ၊ မြို့၏ရှိဘက်၊ နတ်မျက်စိမြော်၊ ဈာန်ယာဉ်ပျော်သား၊ မည်တော်နာမ၊ ခေါ်ဝေါ်ကြသည်၊ ဂဏ္ဍဒီပါယန၊ မြတ်ဓမ္မနှင့်၊ သီလသည်းခံ၊ ရသေ့ပျံကို၊ ဘုန်းလျှံတေဇ၊ တန်ခိုးပသည်၊ ဒသဘာတက၊ ညီနောင်လှရို့၊ ညွန့်ခကြောင်းရီး၊ ဖော်ပြီးမီးက၊ ပျံ့မွှီးသီလ၊ ပြည့်စုံလှသည်၊ ဂဏ္ဍဒီပါယန၊ ရသေ့ကလည်း၊ မုသာဝါဒါ၊ ဝေရာမဏိ၊ ယှောင်ကြည်ဘိ၍၊ မသိသူအား၊ သိအောင်ကြားအံ့၊ မှတ်သားစီလို၊ ဟုတ်တိုင်းဆို၏။ ရွယ်ပျိုကျိုင်းထွား၊ မင်းသားများရို့၊ ကြိုးစားစောင့်ထ၊ ဘီလူးမကို၊ ချိုမြရသာ၊ ပျားသကာနှင့်၊ သြဇာချိုအီး၊ ကျွေးမွီးပြုစု၊ ဦးချကော်ရော်၊ တောင်းပန်သော်က၊ စည်ထသာမို့၊ ကျော်သည့်မြို့ကို၊ နှစ်လိုရွှင်ပ၊ ဖော်၍ပြလိမ့်၊ များလှလူသျှင်၊ မြင်လီကျင်မူ၊ ခုပင်အပြီး၊ ထိုမြို့ကြီးကို၊ ခြားဆီးလှီးဖြတ်၊ သံမှိုခတ်၍၊ မချွတ်ကူးလျှက်၊ မြို့ပေါင်ဖျက်မှ၊ မြို့ချက်အမြဲ၊ သံနှင့်တွဲသော်၊ ပျံဝဲပြုကျင်၊ ထက်ကောင်းခင်သို့၊ ခုံပင်ကြွ၍၊ မပျံဝဲတည်း။ ကျန်းမြဲခိုင်ထ၊ မြို့ကိုရအံ့၊ ထွန်းပတန်းခိုး၊ လူထိပ်မိုးသား၊ ဟိုးဟိုးကျော်ကြား၊ ထိုမင်းအားလျှင်၊ မထားလျှင်စီ၊ ပြောပါလီဟု၊ မိန့်ချီသံမြ၊ ဆိုမြွက်ဟသည်၊ စောင့်ထသစ္စာမချွတ်တည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...