Saturday, November 7, 2015

အပိုဒ် (၂၃)

(၂၃) တည်လတ်ထီးနန်း၊ တစိုင်ထွန်း၍၊ ဆိပ်ကမ်းသာလှ၊ ဂစ္ဆပ၏၊ ပစ္ဆေမဒေသာ၊ နောက်မျက်နှာ၌၊ တည်လာအစ၊ ပထမမူ၊ ကျီးမသရေ၊ ခေါ်ပေထင်ရှား၊ ကုလားပန်းဇင်း၊ မယွင်းပြုပ္ပာ၊ ဂန္ဓာမစ္ဆိမ၊ ပဘင်္ဂလျှင်၊ ဂဇင်ကလ၊ သန္တလရာဇ်၊ ဖြစ်သည်တဖြာ၊ စေကာကရာဇ်၊ သေတာရာဇ်မှ၊ ပပ္ပတရာဇ်၊ စုလရာဇ်သာ၊ ကာလကရာဇ်၊ တလှစ်မှန်စွာ၊ ပဋိကာလ၊ တည်ထနဒီ၊ အညီမှတ်ကြ၊ ပဉ္စကာမ၀တီ၊ တလီထိုမှ၊ တဉ္စရဉ္စရာ၊ တခါဆိုဟူ၊ အစ္စန္တုဘ၊ သုဝဏ္ဏဂီရိ၊ မည်ဟိခေါ်ပြု၊ ဝေဠုရတ၊ နာမတွင်ဘိ၊ ပဋိကရာနာဂရ၊ လောရမ္မနှင့်၊ ပဌမနဂိုရ်၊ ထိုထိုသာယာ၊ ရမ္မာပူရ၊ လောက္ကရက၊ သမ္မာပူရ၊ လောက္ခရတ၊ စက္က၀ဏ္ဏ၊ သမ္မာဝါရာ၊ ဝေသာပန်းတောင်း၊ တကြောင်းထိုမှ၊ တက္ကရမှန်၊ ငတန်သူရဲ၊ မလွဲတဆစ်၊ မလ္လရာဇ်က၊ ယက္ခဂန္ဓ၊ သမ္မဂီရိ၊ ခေါ်ဘိမှန်စွာ၊ ဂန္ဓဂီရိ၊ စတုရိနှင့်၊ ပုလိန္နရာဇ်၊ စိုင်ဆိုက်မှတ်ကြ၊ အ၀ိန္ဒတ၊ ကေကကရာဇ်၊ ဖြစ်သည်မယွင်း၊ ဆားတလင်းကြုန်း၊ ခမောင်းတုန်းဆိုင်၊ သရက်အိုင်ဆောင်၊ ငကြေးတောင်လျှင်၊ ဘုန်းပြင်ခေါ်ဆောင်၊ သပိတ်တောင်နှင့်၊ ယင်ပေါင်တောင်မင်း၊ အင်ကြင်းတောင်မွန်၊ ရွှီစင်္ကြန်ပေ၊ ဆင်သေတဖန်၊ ဆဒ္ဒန်အိုင်မှန်း၊ သ၀င်ကျွန်းနှင့်၊ စစ်တန်းတင်ဘက်၊ သမက်ခေါ်ထ၊ ယောက္ခမတည်း။ ဆံထုံးဖွေးဟူ၊ သလူတောင်စပ်၊ တပ်မြို့မည်မှန်း၊ တောင်ကျွန်းခေါ်ဆောင်၊ ကျက်တောတောင်မှ၊ ကာသုရတုံ၊ ထောက်ဆုံမလွဲ၊ တဲလမုချောင်း၊ တကြောင်းသည်နောက်၊ ပီတကောက်မှန်း၊ ပီကျွန်းသမန္ဒရာဇ်၊ စစ်စစ်မှန်သော၊ ပတကောလျှင်၊ တင်တိုင်းသင်တောင်၊ ခြင်္သေ့တောင်နှင့်၊ မြင်းသီတောင်ဖြစ်၊ ဘန္တရာဇ်ဆိုင်၊ ကင်းမိအိုင်ဆုံ၊ မထုံခေါ်မြို့၊ ရဲရို့ပင်တိုင်၊ ကျန်းခိုင်မောက်မောက်၊ သီမသောက်ဆို၊ သားပျိုငိုငြား၊ ကျောက်တန်းခါးဟုတ်၊ တရုပ်ကာညီ၊ ခွီးသီမှန်လတ်၊ ဥဒေါင်းဝတ်လျှင်၊ သက်ကျမ်းပြင်က၊ ခေါ်တွင်မှန်စွာ၊ မြို့သာယာနှင့်၊ မလ္လာမည်ဝင်၊ မြင်းသီပြင်လျှင်၊ အောင်သာပြင်က၊ နီလာပြင်မြောက်၊ ငကျိုင်တောက်ဟူ၊ ဆင်ဖြူတောင်ကျော်၊ ကံ့ကော်တောင်ကောင်း၊ ညောင်ချောင်းတွင်ငြား၊ စိမ်းညှင်းပြားဟူ၊ ပျားသားယူက၊ သြရမဟု၊ စည်ကြများပေ၊ ရွီတွက်ချေသော်၊ ကိုးဆယ်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့တည်ထ၊ ထီးနန်းချသည်၊ နာမသမိုက်မည်လတ်တည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...