Saturday, November 7, 2015

အပိုဒ် (၁၁)

(၁၁) စိုး၍မိုးလီ၊ ကျွန်းသပြီကို၊ ရစ်ခွီပတ်ကြိုး၊ အာဏာဖြိုး၍၊ တန်ခိုးထန်ပြင်း၊ မန္ဓတ်မင်း၏၊ နွယ်ရင်းဝံသ၊ ဖြစ်ကုမ်ကြသား၊ သုဝဏ္ဏပဘာ၊ သားတော်မှာကို၊ ရာဇာကံမြင်၊ မည်ပီးကျင်မှ၊ အလျှင်ဦးစ၊ ပထမမူ၊ ခေါ်ထတွင်ဘိ၊ အမည်ဟိသည်၊ သမုတ္တိဒေ၀၊ ထီးနန်းချ၍၊ ရမ္မာဝတီ၊ မြို့ဌာနီဟု၊ ခေါ်ညီပြီးမှ၊ စိုးပိုင်သသည်၊ ၀ရရာဇညာ၊ မင်း၌သာလျှင်၊ သည်းချာစီတရ၊ သမီးလှမူ၊ သုဝဏ္ဏကလျာ၊ ဆင်းရုပ်ဝါနှင့်၊ မကွာစီချင့်၊ အိမ်ထောင်သင့်၍၊ ရှည်မြင့်ကာလ၊ စိုးအုပ်ရအောင်၊ ဥပရာဇာ၊ အိမ်ရှိရာကို၊ များစွာနီထ၊ တည်ပြီးမှတည်း၊ ၀ရရာဇညာ၊ ထိုမင်းမှာကား၊ မဟာရာဇညာ၊ သားတော်မှာကို၊ ဒွါရာဝတီ၊ မြို့သိင်ဂီနှင့်၊ စုံညီပြည့်ဝ၊ ဓည၀တီ၊ ဝေသာလီဟု၊ ဌာနီရဌိ၊ သုံးမြို့ခြိ၍၊ တည်ဘိအမှန်၊ မင်းမြတ်လွန်မှ၊ ဘုန်းလျံထွန်းဖြာ၊ ဥပရာဟု၊ မည်သာခေါ်ဘိ၊ ကျော်နှမ့်သိသား၊ ဘုမ္မိပါလ၊ မဟိသျှသည်၊ သာလှပြောစည်၊ ကံမြင့်ပြည်ကို၊ သက်ရှည်ဖြစ်လို၊ မင်းမြောက်ဆို၏။ ဘကိုရိုပွတ်၊ တောင်းပန်လတ်သော်၊ သားမြတ်သုံးပါး၊ အခြားခြားဖြင့်၊ ပိုင်းခြားသည်မှာ၊ ဤပြည်သာလည်း၊ မှန်စွာစင်စစ်၊ လက်ဝင်ဖြစ်ဟု၊ တထစ်တရံ၊ မှတ်သားကြံမှ၊ ကျိုးနွံခယ၊ လျှောက်ပေကမူ၊ အဿကရာဇာ၊ မင်းနရာရို့၊ သင်္ချာခြားပြီ၊ တသောင်းစီကို၊ အညီယူမျှ၊ ၀ီကုန်ကြသော်၊ ဖြစ်ထမှန်စွာ၊ ယူဇနာမူ၊ ကိုးရာအ၀န်း၊ အဖြောင့်သန်း၏။ ခြင်မှန်းအခင်း၊ သုံးရာတွင်းလျှင်၊ မယွင်းမှန်ညီ၊ ဖို့ဝီအမျှ၊ ပီးပြီးမှတည်း၊ မိုးဝတိမ်ယံ၊ ဈာန်နှင့်ပျံသည်၊ ဂ၀မ္ပတိ၊ ထေရ်မဏိနှင့်၊ ပါရမီသွာ၊ နတ်ဝိဇ္ဇာက၊ ဒေ၀ါသိကြား၊ ဟူးရားများကို၊ ပိုင်းခြားတုန့်ပြိုင်၊ တုရင်းတိုင်နှင့်၊ နမိတ်တိုင်မြောက်၊ ကျောက်တိုင်ဆောက်၍၊ အံ့လောက်ကျီးကျွန်၊ ရှိထက်လွန်သည်၊ ပြည်မွန်ဆက်တတိုး၏တည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...