Saturday, November 7, 2015

အပိုဒ် (၈)

(၈) တည်မြောက်ထိုသို့၊ သားများရို့တွင်၊ ပြည်မြို့အရာ၊ ပျော်ဖွယ်သာသည်၊ ရမ္မာဝတီ၊ ပြည်သိင်ဂီကို၊ ခေါ်ညီတွင်ဘိ၊ အမည်ဟိသား၊ သမုတ္တိဒေ၀၊ ရာဇညဟု၊ မင်းလှသားကြီး၊ ဆောင်းရွှီထီးနှင့်၊ စိုးပြီးထိုခါ၊ဘုမ္မိပါလ၊ ကျော်လျှက်ပြသော်၊ ၀ရဘုမ္မိပါလ၊ နရိန္ဒတည်း။ ၀ရနရိန္ဒ၊ စိုးပြီးမှလျှင်၊ မဟိန္ဒပတိ၊ ရာဇတိဟု၊ ဘုန်းဟိလွန်မှ၊ ရွှီနန်းမ၌၊ ၀ရမဟိန္ဒပတိ၊ စောသီရိသည်၊ ဘုန်းဟိရသေ့၊ ကျင့်ချမ်းမြေ့ဘိ၊ နတ်ကိုတွိသော်၊ မရွှိရအောင်၊ ပင့်ချီဆောင်မှ၊ နောက်နောင်လူများ၊ မျိုးလေးပါးရို့၊ မှတ်သားဝီခြမ်း၊ ဆံခြည်နှမ်းက၊ တနှမ်းမုယော၊ အင်္ဂုလောတိ၊ မုဒ္ဓေါအထွာ၊ အတောင်သာနှင့်၊ ရှည်စွာအလျား၊ နွားလားဥဿဘ၊ တွန်သံခသား၊ ဂေါသယူဇနာ၊ ဤသင်္ချာကို၊ ရွီကာများမြောင်၊ ချင့်တွက်ဆောင်၍၊ မင်းခေါင်နရိန္ဒ၊ ကျင့်ရိုးပြသား၊ ရှိကဖြစ်ငြား၊ မင်းအများလျှင်၊ ပုဏ္ဏားအကျင့်၊ ထိုကိုချင့်၍၊ မသင့်အပ်စွာ၊ ယှေင်ပယ်ခွာလျှက်၊ ဆယ်ဖြာတရား၊ စောင့်တုံငြားမှ၊ လေးပါးဂတိ၊ ဖြောင့်မတ်သိ၏။ ရဘိယာဉ်ရှင်၊ ငါးပါးပင်တည်း၊ စိုးကျင်လီရ၊ ထိုမင်းကသည်၊ စ၍ရွီလျှင်၊ အစိုင်ပင်တည်း၊ ကျင့်အင်မြဲမြဲ၊ မချွတ်လွဲဘဲ၊ ဆကဲတထွေ၊ အသင်္ချေလျှင်၊ ကုဋေချင့်မှန်း၊ ကိုးသိန်းထွန်းကာ၊ ထီးနန်းစိုးမှန်၊ မင်းများလွန်သည်၊ ဆယ်ပြန်အစိုင်ရိုး၏တည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...