Saturday, November 7, 2015

အပိုဒ် (၂၇)

(၂၇) ဆက်ပြန်နန်းရိုး၊ ရွှီထီးမိုး၍၊ နွယ်မျိုးသန့်စင်၊ မာရတင်ဟု၊ မည်ပင်တွင်ခြင်း၊ ထိုသည်မင်း၏၊ သားကြီးဖြစ်ထ၊ ကြီးတေဇနှင့်၊ ဒွါလစန္ဒရား၊ နန်းတက်ငြားခါ၊ နှစ်မှာလေးဆယ်၊ ချမ်းသာပေစွ၊ ဆိုကုန်ကြ၏။ သောလစန္ဒရား၊ ထိုမင်းဖျားမူ၊ တွက်ငြားရွီကျုံး၊ သုံးဆယ့်သုံးတည်း။ လက်ရုံးကြီးထ၊ နီနှင့်လသို့၊ သူရိယစန္ဒရား၊ မင်းမြတ်ကားမူ၊ စံစားသုံးဆယ်၊ ခုနှစ်ဝယ်တည်း။ ဘုန်းကြွယ်ထွန်းပ၊ တုမမျှသည်၊ ကာလစန္ဒရား၊ လေးဆယ်စား၏။ သားတဉ္စစန္ဒရား၊ ခြွီရံများနှင့်၊ စံငြားတုံဖြစ်၊ သုံးဆယ့်တစ်တည်း။ တန်းထစ်ရွီမှု၊ မှတ်တော်ပြုလော့၊ မဓုစန္ဒရား၊ နှစ်ဆယ်အားဖြင့်၊ စံစားပြီးမှ၊ ရန်မျိုးခ၏။ ဇေယစန္ဒရား၊ အောင်ဆုပွား၍၊ စိုးငြားအုပ်ခါ၊ လေးဆယ်သာတည်း။ မောက္ခစန္ဒရား၊ မူးမတ်များနှင့်၊ ထင်ရှားကျော်ချောက်၊ နှစ်ဆယ့်ခြောက်တည်း။ တယောက်မှန်ထ၊ သားပုတ္တမူ၊ ဂုဏစန္ဒရား၊ ရွှီနန်းအားကို၊ သိမ်းငြားစိုးထ၊ ဒွါဒသတည်း၊ ဒိပ္ပကျော်ကြား၊ စန္ဒရားကို၊ မြိုမတ်သုံးယောက်၊ ပုန်ကန်မြောက်၍၊ လွဲဖောက်လီငြား၊ မတ်သုံးပါးတွင်၊ ရှိဖျားအမတ်၊ စိုးအုပ်ကွပ်သော်၊ ရက်မှတ်သတ္တာ၊ တယောက်မှာကား၊ မှန်စွာသုံးလ၊ တယောက်ကမူ၊ သျှစ်လဟူ၏။ စိုးယူသိမ်းမြန်း၊ အောင်ခန်းထိန်လင်း၊ ကိုးဆက်မင်းရို့၊ စိုးလျှင်းသောခါ၊ နှစ်ပေါင်းမှာမူ၊ နှစ်ရာ့သျှစ်ဆယ်၊ မှန်ပေထစ်ထစ်၊ စိုင်ဆက်ဖြစ်သည်၊ ထောင်လှစ်ထီးနန်းထပ်မံတည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...