(၂၂) ခတ်လတ်တံဆိပ်၊ ရန်မျိုးနှိပ်၍၊ ဘုန်းရိပ်ထွန်းပ၊ ရာဇညရို့၊ ဂစ္ဆပနဒီ၊ မြစ်ဆီလက်ယာ၊ ရှိပြုဗ္ဗာက၊ တည်လာအစ၊ ပထမမူ၊ ဒွါရ၀တီ၊ ဌာနီသမိုက်၊ ထီးနန်းစိုက်မှ၊ ပဏ္ဏ၀တီ၊ သဗ္ဗလီတည်း။ မင်းသမီးပြင်၊ မင်းသားပြင်နှင့်၊ သက်တင်ဝန်းချုံး၊ ဆင်ကုန်းတကြောင်း၊ ပေါင်းလောင်းပင်တိုင်၊ တိုင်ချိုင်မည်ဆောင်၊ ကာဝန်းတောင်ပြိုင်၊ စိမ်းညှင်းအိုင်ပြင်၊ ရထိန်တွင်လျှောင်း၊ ကျွန်းပေါင်းလောင်းက၊ အင်းချောင်းတည်ထောင်၊ နနွင်းတောင်လျှင်၊ သောက်ရှုးပြင်ခေါင်၊ စည်ဘောင်တောင်ရဲ၊ ပုလဲတောင်လျှင်၊ ဂင်္ဂါပြင်ဟူ၊ တောင်ဖြူတောင်ပင်၊ ထီးဝန်းတင်ပေ၊ မုစ္စရေဟု၊ ဝေလုပဗ္ဗတ၊ နာမခေါ်ထူး၊ ထင်းရူးတောင်ခန်း၊ ငန်းတောင်ဝန်းနှင့်၊ ရီချမ်းအိုင်ကောင်း၊ ရွှီပန်းတောင်းသာ၊ ပဉ္စာမည်လျှောင်း၊ ကျောက်ပန်းတောင်းဟုတ်၊ သီရိဂုတ်က၊ ဓည၀တီ၊ သိင်ဂီမျိုးမြင့်၊ ကံသုံးဆင့်နှင့်၊ အဇ္ဇရ၀တီ၊ သီရိမာဝတီ၊ ခေါ်ညီတွင်ဆို၊ ရာဇဂြိုဟ်က၊ ရဏ္ဏ၀တီ၊ ဝေသာလီမှ၊ တလီမုက္ချ၊ ကုမ္ဘ၀တီ၊ တချီတွင်ထ၊ ဘရ၀ဏ၊ သုဝဏ္ဏဂီရိ၊ ဆိုဘိမယွင်း၊ လီညှင်းတောင်က၊ စန္ဒနနှင့်၊ ပါသိဝဆိုင်း၊ သ၀င်ကိုင်းက၊ ပြိုင်းတိုင်မည်နှင်း၊ ငခွေးသင်းတောင်၊ ငါးရီတောင်မှန်၊ ငဆဒ္ဒါန်ပေ၊ ကြက်သရေတောင်လျှင်၊ စည်သဘင်တောင်ကောင်း၊ ငရံချောင်းထက်၊ စမ္ပ၀က်တောင်၊ မောင်ပုံတောင်ကိုင်း၊ ပြိုင်းတိုင်တောင်ဖြူ၊ ကိန်းသာဟူပြန်၊ သလွန်တောင်ကောင်း၊ ပိန္နဲချောင်းဟူ၊ ဆင်ဖြူကျွန်းသာ၊ တခါအမှန်၊ ကာတန်တောင်ဆက်၊ ပုသင်တက်ပါ၊ သေလာတွင်ဘိ၊ ရင်ကတိသာ၊ သမ္မာဝတီ၊ စုံညီသာမို့၊ ပရိန်မြို့ထောင်၊ မာန်အောင်တဖြာ၊ ကျွန်းနံသာနှင့်၊ ပန်းနံသာက၊ ကက္ခရပဗ္ဗတ၊ နာမဂဏန်းတောင်၊ ထို့နောင်တသုံး၊ လှံရုံးသဖွယ်၊ တောင်သုံးဆယ်မှန်၊ သရဘန်ဆိုင်၊ နဂါးအိုင်နှင့်၊ တပင်တိုင်ဟူ၊ တောင်ဖြူတောင်သာ၊ နီလာတောင်မျိုး၊ လွန်ရိုးတောင်ဟုတ်၊ ဂုတ်မြို့ခေါ်ထို၊ လင်းဟုဆိုထ၊ ကမ္ဗလ၀က်၊ သရက်တောင်ပြီး၊ မနီးမယွင်း၊ စစ်တလင်းထား၊ ကျောက်လှေကားဟူ၊ မှန်ကူတချို့၊ လင်းမြို့မှန်ထ၊ မြေမြို့သချည်း၊ နေရဉ္စရာ၊ ကုသ၀ဒီ၊ ခေါ်ညီသာယာ၊ စမ္ပာဝတီ၊ စုံညီသာစွာ၊ လက်ယာဘက်မှာ၊ ဆက်ကာစိုင်၍၊ ရွီတွက်ခယ့်သော်၊ ကိုးဆယ့်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့ထီးနန်းတည်လတ်တည်း။ ။
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
အပိုဒ် (၄၇)
(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...
-
(၄၀) ဦးစွန်းဗြဟ္မာ၊ ဘုန်းညွန့်ဖြာသား၊ တေဇာထွန်းလင်း၊ မဉ္စူသင်းသည်၊ ကောင်းခြင်းသာစွာ၊ မြို့ပဉ္စာကို၊ ငါးရာကျော်လစ်၊ လေးဆယ့်နှစ်ဟု၊ သက္ကရာဇ်မှာ၊ ...
-
(၄၃) ထွန်းတောက်လနှယ်၊ ရန်မျိုးပယ်၍၊ ဘုန်းကြွယ်ညွန့်သန်၊ မင်းစောမွန်ကား၊ အမှန်မပျက်၊ မြို့လောင်းကြက်ကို၊ ကနက်စိုက်ဆောက်၊ စိုးအုပ်မြောက်သော်၊ ...
-
(၃၉) ကြငှန်းအောင်ချာ၊ ခြိတ်မြို့သာကို၊ ကောဇာနှစ်ရေ၊ ဖော်ပြပေအံ့၊ နောဒွေပဉ္စာ၊ ရောက်သောခါ၌၊ တေဇာတက်ဖျား၊ မင်းဘုန်းစားသည်၊ တည်ထားပြီးမှ၊ မြို့န...
No comments:
Post a Comment