(၂၁) မလွတ်ပြည်မ၊ ပြည်တွင်းစသား၊ များလှရုံးစု၊ ထိုးခွတ်ပြုသော်၊ ၀ါသုဒေ၀၊ စောမင်းကလည်း၊ ဗလဒေ၀၊ ညီမင်းလှနှင့်၊ အဉ္စနဒေ၀ီ၊ သိင်ဂီရွှီဘော်၊ နှမတော်ကို၊ ခေါ်တော်မူပြီး၊ ပရောဟိလည်း၊ ပါဘိကိုယ်ကြပ်၊ လက်ချင်းစပ်၍၊ မြောက်ရပ်တူရူ၊ လားတော်မူ၏။ နှမ့်ဆူကျော်ကြား၊ မင်းနှစ်ပါးရို့၊ ရှည်လျှားရှိခါ၊ သံသရာက၊ ကြမ္မာစိုင်ဆိုက်၊ ၀ိပါက်လိုက်၍၊ ရန်ခိုက်နှင့်တွိ၊ ခန္ဓာရွှိလျှက်၊ စုတိဘ၀င်၊ ချုပ်လီကျင်မူ၊ ဆင်းအင်ပြည့်လှ၊ အဉ္စနနှင့်၊ ဗြဟ္မဏတွင်ဘိ၊ ပရောဟိရို့၊ ပေါင်းမိမသွယ်၊ လားကြပေသော်၊ ကျော်ဝယ်နှမ့်သိ၊ ဝေသာလိဟု၊ ခေါ်ဘိတင်မြောက်၊ ပြည်သို့ရောက်၏။ ဘုန်းတောက်သနင်း၊ ထိုပြည်မင်းလည်း၊ ဖြစ်ခြင်းရောဂါ၊ ဝေဒနာကြောင့်၊ မကြာလျှင်လျှား၊ စုတိငြားသော်၊ သားနှင့်မြီးမြစ်၊ မကျန်ရစ်၍၊ ပြည်၌များစွာ၊ မူးမတ်ရာရို့၊ ညီညာကြိုးစား၊ ပြုသောအားဖြင့်၊ ပုဏ္ဏားသာလှ၊ ဗြဟ္မဏနှင့်၊ အဉ္စနဒေ၀ီ၊ ဆင်းလှရွှီကို၊ သိင်ဂီဥကင်၊ ထီးနန်းတင်၏။ သာရွှင်ဝမ်းမြောက်၊ ဘိသိက်မြှောက်၍၊ ငြိမ်းလှောက်သာယာ၊ စံပြီးခါမှ၊ ပုတ္တာသားလှ၊ ဗြဟ္မသုန္ဒရာ၊ စောသတ္တာသည်၊ ဝေသာလီက၊ ပြောင်းပြီးမှလျှင်၊ များဖျင်အလေး၊ ဗိုလ်စည်းဝေးနှင့်၊ ငခွေးသင်းတောင်၊ မြို့တည်ထောင်၏။ ထို့နောင်စိုးထွေ၊ ခြောက်နှစ်ပေတည်း။ ရှည်ရှည်လျားလျား၊ မြို့စိုင်များနှင့်၊ ပုဏ္ဏားမျိုးနွယ်၊ မိုးထက်ကြယ်သို့၊ ဆက်သွယ်များစွာ၊ စိုးငြားပါသော်၊ ရီသာစိမ်းမြ၊ ဂစ္ဆပ၏၊ ဒက္ခိဏဂါမာ၊ ကမ်းပါးသာ၌၊ န၀ါန၀၊ နာမဘွဲ့မည်၊ ကိုးဆယ်ကိုးမြို့၊ မချို့အင်္ဂါ၊ ကိန်းသင်္ချာမူ၊ နှစ်ရာပြည့်လုတ်၊ နှစ်ပါးယုဂ်၏။ အဟုတ်မင်းပေါင်း၊ စိုးအုပ်လျှောင်း၍၊ ပြန်ပြောင်းတည်ထ၊ ပြုကုမ်ကြလျှက်၊ နာမသမိုက်၊ ထီးနန်းစိုက်သည်၊ မှတ်ပိုက်တံဆိပ်ခတ်လတ်တည်း။ ။
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
အပိုဒ် (၄၇)
(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...
-
(၄၀) ဦးစွန်းဗြဟ္မာ၊ ဘုန်းညွန့်ဖြာသား၊ တေဇာထွန်းလင်း၊ မဉ္စူသင်းသည်၊ ကောင်းခြင်းသာစွာ၊ မြို့ပဉ္စာကို၊ ငါးရာကျော်လစ်၊ လေးဆယ့်နှစ်ဟု၊ သက္ကရာဇ်မှာ၊ ...
-
(၄၃) ထွန်းတောက်လနှယ်၊ ရန်မျိုးပယ်၍၊ ဘုန်းကြွယ်ညွန့်သန်၊ မင်းစောမွန်ကား၊ အမှန်မပျက်၊ မြို့လောင်းကြက်ကို၊ ကနက်စိုက်ဆောက်၊ စိုးအုပ်မြောက်သော်၊ ...
-
(၃၉) ကြငှန်းအောင်ချာ၊ ခြိတ်မြို့သာကို၊ ကောဇာနှစ်ရေ၊ ဖော်ပြပေအံ့၊ နောဒွေပဉ္စာ၊ ရောက်သောခါ၌၊ တေဇာတက်ဖျား၊ မင်းဘုန်းစားသည်၊ တည်ထားပြီးမှ၊ မြို့န...
No comments:
Post a Comment