Saturday, November 7, 2015

အပိုဒ် (၁၂)

(၁၂) တိုး၏ဆတက်၊ ထိုမင်းထက်ဝယ်၊ သက်နှင့်ချင်းမြို၊ မစောင်းဆို၏။ သာချိုမြရိပ်၊ ချောနှင့်ကျိတ်တည်း။ မဖိတ်မှန်ပင်၊ သျှမ်းတူးလျှင်တည်း။ ဆိုလျှင်းလည်းပြု၊ မူဒူရှုလော့၊ ပြူဟုခံပြီ၊ မည်ခလီနှင့်၊ စုံစီမှတ်ဖွယ်၊ ဆက်ကာသွယ်လျှင်၊ ဇင်းမယ်ခေါ်တွင်၊ လင်းဟုကျင်သား၊ တန်းတင်သရေ၊ ဖြစ်ကျင်ပေ၏။ အမည်တွင်ပြီ၊ ဘင်္ဂလီဟု၊ အညီသည်နောင်း၊ လင်းကဲစောင်း၍၊ တကြောင်းတတန်၊ ကသည်းခံ၏၊ ကမ်းယံတမူ၊ သထုံဟူသား၊ တမူတနှိုင်း၊ မြန်တလိုင်းနှင့်၊ ပည်လှိုင်းသိပ်သည်း၊ စုရုံးစည်းလျှက်၊ ကံတည်းမှန်းကြုံ၊ သည်နောက်မူက၊ ကမ်းမြုံကမ်းတူး၊ စုံဖက်ပူး၏။ တခုတန်းတိုက်၊ မည်သမိုက်သည်၊ လ၀ိုက်လကွန်း၊ ခေါ်ကြမှန်း၏၊ စည်ထွန်းရပ်ရွာ၊ ရွီတွက်ပါသော်၊ ဘာသာကွဲပြား၊ နှစ်ဆယ့်ငါးလျှင်၊ မင်းဖျားညီနောင်၊ သည်နည်းအောင်၏။ လေးမြှောင်လေးမင်း၊ ပေါင်းလတ်လျှင်းက၊ တွင်ခြင်းမှန်ထ၊ မည်နာမမူ၊ တရာ့တဘာသာ၊ ဖြစ်တုံပါ၏။ အဿကစ၊ နကရမြင်း၊ ရွာရိုးတွင်း၌၊ စည်ပင်ပြန့်ပွား၊ အခြားခြားဖြင့်၊ မင်းသားတသီး၊ မင်းသမီးကို၊ တွက်ပြီးတသိန်း၊ အိမ်ထောင်ငြိမ်း၍၊ မြို့သိမ်ဇေယျာ၊ ကျွန်းနှမ့်ပါသည်၊ ထိုခါပြည့်ထမျိုးရိုးတည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...