Saturday, November 7, 2015

အပိုဒ် (၃၅)

(၃၅) ဒိသာသျှစ်ရပ်၊ ကြားနှမ့်စပ်သား၊ နတ်မျိုးနွယ်လာ၊ မဟာတဉ္စစန္ဒရား၊ မည်ထင်ရှားသား၊ ကျော်ကြားဘုန်းထူး၊ အောင်စည်ကျူး၍၊ ရောင်မြူးတောက်ထွန်း၊ ရွှီဘုံနန်းကို၊ စိုးမြန်းတနှစ်၊ ပြီးတုံရစ်မှ၊ ခုနှစ်အင်္ဂါ၊ ပြည့်စုံပါသား၊ မဟာဗလ၊ နဂရဟု၊ ဓည၀တီ၊ မြို့ဌာနီသည်၊ တလီကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းစိုက်သင့်၊ ကံသုံးဆင့်ကို၊ ရှည်မြင့်စိမ့်ငှာ၊ တည်လီပါလည်း၊ မကြာမတင်၊ တနှစ်တွင်ဝယ်၊ ပျက်ကျင်ပေမှ၊ ထိုမြို့ကသည်၊ ခွာထပြောင်းဘိ၊ ဝေသာလိဟု၊ တွင်သိနှိုင်းဆ၊ မြို့သာလှကို၊ ရွီတွက်သင်္ချာ၊ နှစ်ကောဇာမူ၊ တရာ့ငါးဆယ်၊ နှစ်နှစ်ဝယ်တွင်၊ ဘုန်းကြွယ်မင်းမွန်၊ တည်လာပြန်၍၊ တဖန်စိုးရစ်၊ နှစ်ဆယ့်နှစ်တည်း။ တက်သစ်နီလ၊ ကောင်းခြင်းပသည်၊ သူရိယစန္ဒရား၊ မင်းဖျားကမူ၊ ဆန်းပြားအံ့ဖွယ်၊ နန်းဘုံလယ်၌၊ စံပေဧကန်၊ နှစ်ဆယ်မှန်၏။ နိုင်ငံကျယ်ပြော၊ ဇမ္မူကြောဝယ်၊ မောလစန္ဒရား၊ လက်ရုံးအားနှင့်၊ စံစားအုပ်စိုး၊ တဆယ့်ကိုးတည်း။ ပြည့်ဖြိုးပည၊ ကုသလကြောင့်၊ ပေါလစန္ဒရား၊ ခေါင်ထွတ်ဖျားကား၊ ၀န်းလျှားခြံရံ၊ တင့်စိုးစံပ၊ ဆဗ္ဗီသတည်း။ ကာလစန္ဒရား၊ ကိုးနှစ်စား၏။ မခြားဝံသ၊ စိုင်ဖြစ်ကြသည့်၊ ထူလစန္ဒရား၊ ကျော်နှမ့်ကြားသား၊ မင်းဖျားပရမေ၊ စောဘုန်းကြွယ်လည်း၊ ခြွီရွေရံကာ၊ နန်းဘုံသာ၌၊ န၀ါအတ္တိ၊ စံစားဘိ၏။ သီရိစန္ဒရား၊ ဥကင်ဖျားဝယ်၊ ကြယ်များရံကာ၊ လပမာသို့၊ ချမ်းသာစံရ၊ ဒွတ္တိသတည်း။ သိင်္ဂစန္ဒရား၊ မင်းဖျားထွတ်ခေါင်၊ နန်းတောင်ညာထက်၊ သောဠဿတည်း။ စူဠစန္ဒရား၊ ထိုမင်းဖျားကား၊ စိုးငြားအုပ်ကာ၊ ခြောက်နှစ်ကြာ၏။ စိုင်လာမပျက်၊ အဆက်ဆက်လျှင်၊ သောင်းကျက်ကျော်ကြား၊ စန္ဒရားရို့၊ သိကြားပီးဆက်၊ လှံလက်နက်ဖြင့်၊ အုပ်ကြက်လွှမ်းမိုး၊ ထိန်ဟိန့်ကြိုးသည်၊ လူမျိုးရိုခညွတ်လာတည်း။ ။

No comments:

Post a Comment

အပိုဒ် (၄၇)

(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း...